52 ကြည့်ရှုမှု
ပုံပြခန်း
ပုံကို နှိပ်၍ အကြီးချဲ့ကြည့်နိုင်ပါသည်
1/2
အစည်းအဝေး
Oct 13, 2026
52 စုစုပေါင်း
အိန္ဒိယသံရုံး၊ အိန္ဒိယနိုင်ငံ VSA Infra Projects Pvt Ltd နှင့် မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်( MFMA )တို့မှ လူကြီးမင်းများသည် မြန်မာ့သတ္တုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလာ (၈) ရက်နေ့၊ နေ့လယ် (၁၄ : ၀၀) နာရီ၊ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ် (MFMA)ရုံးချုပ်တွင် ဦးသိန်းထွန်း ( ဒုတိယဥက္ကဌ (၁) )ဦးဆောင်၍ ဦးစိုင်းသီဟ ( ဒုတိယဥက္ကဌ (၃) )၊ ဦးဗိုလ်ဗိုလ် ( အတွင်းရေးမှူး )၊ ဦးညွှန့်ရှိန် ( အသင်းသား )၊ ဦးမြိုင်ညိမ်းထွေးဦး ( အသင်းသား )တို့နှင့်အတူ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အိန္ဒိယနိုင်ငံ VSA Infra Projects Pvt Ltd မှ ကိုယ်စားလှယ်များက မြန်မာ့သတ္တုသယံဇာတများနှင့်ပတ်သက်သည့် အခွင့်အလမ်းများကို လေ့လာစုံစမ်းရန်စိတ်ပါဝင်စားကြောင်းပြောကြားခဲ့ပြီး မြေရှားသတ္တုများ ( Rare Earth Elements - REEs )၊ ရွှေ (Gold)၊ အင်တီမိုနီ (Antimony)၊ ခဲမဖြူ ( Tin )၊ တန်စတန် (Tungsten)၊ ခဲ (Lead )၊ နီအိုဘီယမ် (Niobium)၊ အခြား နည်းဗျူဟာမြောက်နှင့် လိုအပ်ချက်မြင့်မားသော သတ္တုများ ( Strategic and Critical minerals ) သတ္တုအမျိုးအစားများအပါအဝင် သတ္တုများစွာကို စိတ်ပါဝင်စားကြောင်းနှင့် မြန်မာ့သတ္တုကဏ္ဍ၌ အနာဂတ်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို အဓိကထားဆွေးနွေးခဲ့ကြပါသည်။