နှစ်စဉ်မှတ်ပုံတင်သက်တမ်းသည် နှစ်စဉ်ဒီဇင်ဘာလ (၃၁)ရက်နေ့တိုင်းတွင် ကုန်ဆုံးသည်။ အသင်းသားများသည် နှစ်စဉ်မှတ်ပုံတင်သက်တမ်းတိုးရန် လိုအပ်ပါသည်။ နှစ်စဉ်ကြေးအကြေအလည် ပေးသွင်းခြင်းမရှိသော အသင်းသားအား ဆိုင်းငံ့အသင်းသားအဖြစ် သတ်မှတ်နိုင်သည်။
အသင်းသားသက်တမ်းတိုးမြှင့်ခြင်း (ကုမ္ပဏီအသင်းဝင်) သတ္တုတူးဖော်သည့် ကုမ္ပဏီများအတွက်
ဓါတ်ပုံ (အသင်းသားကတ်ပေါ်ရှိ ဓာတ်ပုံကို ပြောင်းလဲလိုပါက ပတ်စပို့ဆိုဒ် ဓာတ်ပုံသစ်ကို တစ်ပါတည်း ပေးပို့ပေးရမည်)
သတ်မှတ်ထားသော နှစ်စဉ်ကြေးများ ပေးသွင်းရန်
တစ်ဦးချင်းအသင်းဝင် (အခြားသတ်မှတ်ချက်များနှင့် ကိုက်ညီသူဖြစ်ရန်)
ဓါတ်ပုံ (အသင်းသားကတ်ပေါ်ရှိ ဓာတ်ပုံကို ပြောင်းလဲလိုပါက ပတ်စပို့ဆိုဒ် ဓာတ်ပုံသစ်ကို တစ်ပါတည်း ပေးပို့ပေးရမည်)
သတ်မှတ်ထားသော နှစ်စဉ်ကြေးများ ပေးသွင်းရန်
နိုင်ငံခြားကုမ္ပဏီများ အသင်းသားသက်တမ်းတိုးမြှင့်ခြင်း (ကုမ္ပဏီအသင်းဝင်) နိုင်ငံခြားကုမ္ပဏီများအတွက်
ဓါတ်ပုံ (အသင်းသားကတ်ပေါ်ရှိ ဓာတ်ပုံကို ပြောင်းလဲလိုပါက ပတ်စပို့ဆိုဒ် ဓာတ်ပုံသစ်ကို တစ်ပါတည်း ပေးပို့ပေးရမည်)
သတ်မှတ်ထားသော နှစ်စဉ်ကြေးများ ပေးသွင်းရန်
(ကုမ္ပဏီအသင်းဝင်) Export ကုမ္ပဏီများ သက်တမ်းတိုးမြှင့်ခြင်း
ဓါတ်ပုံ (အသင်းသားကတ်ပေါ်ရှိ ဓာတ်ပုံကို ပြောင်းလဲလိုပါက ပတ်စပို့ဆိုဒ် ဓာတ်ပုံသစ်ကို တစ်ပါတည်း ပေးပို့ပေးရမည်)
သတ်မှတ်ထားသော နှစ်စဉ်ကြေးများ ပေးသွင်းရန်
အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးတို့ကို အောက်ပါသတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ပေးသွင်းရမည်-
အသင်း၏အသင်းသားများအတွက် အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးကို အသင်းဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတ်မှတ်သည့်အတိုင်း ပေးသွင်းရမည်၊
ညီနောင်အသင်းများသည် အခါအားလျော်စွာ သတ်မှတ်ထားသော အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးတို့အား သတ်မှတ်ထားသည့်အတိုင်း ပေးသွင်းရမည်၊
နှစ်စဉ်ကြေးမှတ်ပုံတင်သက်တမ်းသည် နှစ်စဥ်ဒီဇင်ဘာလ (၃၁)ရက်နေ့တိုင်းတွင် ကုန်ဆုံးသည်။ အသင်းသားများသည် နှစ်စဥ်မှတ်ပုံတင်သက်တမ်းတိုးရန် လိုအပ်ပါသည်။ နှစ်စဥ်ကြေးအလည် ပေးသွင်းခြင်းမရှိသော အသင်းသားအား ဆိုင်းငံ့အသင်းသားအဖြစ် သတ်မှတ်နိုင်သည်၊
အသင်းဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးကိုလည်းကောင်း၊ ပေးသွင်းရမည့် ကာလကိုလည်းကောင်း အခါအားလျော်စွာ ပြောင်းလဲပြင်ဆင်သတ်မှတ်နိုင်သည်။
လိပ်စာပြောင်း/ကိုယ်စားလှယ်ပြောင်း/ကုမ္ပဏီအမည်ပြောင်း/ အသင်းဝင်အမျိုးအစားပြောင်းလဲလျှောက်ထားခြင်း (တစ်မျိုးအတွက်သာ)
လိပ်စာပြောင်း/ကိုယ်စားလှယ်ပြောင်း/ကုမ္ပဏီအမည်ပြောင်း/ အသင်းဝင်အမျိုးအစားပြောင်းလဲလျှောက်ထားခြင်း (တစ်မျိုးအတွက်သာ)
Letterhead ဖြင့် (လိပ်စာပြောင်း/ကုမ္ပဏီအမည်ပြောင်း/ကိုယ်စားလှယ်ပြောင်း/ အသင်းဝင်အမျိုးအစားပြောင်းလျှောက်လွှာ)
လိုအပ်သည့် စာရွက်စာတမ်းများ : မိမိပြောင်းလဲလိုသည့် အသင်းဝင်အမျိုးအစားအပေါ် မူတည်၍ လိုအပ်သော အထောက်အထား စာရွက်စာတမ်းများ
နှစ်စဉ်ကြေး ပေးသွင်းခြင်း: ပြောင်းလဲလိုက်သည့် အသင်းဝင်အမျိုးအစားအလိုက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ မှ သတ်မှတ်ထားသောနှစ်စဉ်ကြေးများကို ပေးသွင်းရမည်
မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းချုပ်၏ အသင်းသား/သူများအနေဖြင့် နှစ်စဉ် အသင်းသားအဖြစ် သက်တမ်းတိုးမြှင့်ရန် လိုအပ်ပါကြောင်းနှင့် သက်တမ်းတိုးရာတွင် အောက်ပါအချက်များကို ဆောင်ရွက်ပေးပါရန် အသင်းချုပ်မှ အသိပေးအကြောင်းကြားအပ်ပါသည်။
အသင်းသားကတ်ပေါ်ရှိ ဓာတ်ပုံကို ပြောင်းလဲလိုပါက ပတ်စပို့ဆိုဒ် ဓာတ်ပုံသစ်ကို တစ်ပါတည်း ပေးပို့ပေးရမည် ဖြစ်ပါသည်။
မိမိတို့ အသင်းဝင်ထားသော အမျိုးအစားအလိုက် ကျသင့်မည့် နှစ်စဉ်ကြေးများကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ သတ်မှတ်ထားသည့်အတိုင်း ပေးဆောင်ရမည် ဖြစ်ပါသည်။
အသင်းဝင်ကတ်များ ထုတ်ယူခြင်း သို့မဟုတ် သက်တမ်းတိုးပြီးစီးခြင်း အခြေအနေများနှင့် ပတ်သက်၍လည်း အသင်းချုပ်မှ အကြောင်းကြားပေးသွားမည်ဖြစ်ပါသဖြင့် သတ်မှတ်ချက်များနှင့်အညီ လာရောက်ဆက်သွယ် ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
အသင်းချုပ်သို့ ဝင်ရောက်ရန် ဆန္ဒရှိပါက အောက်ပါခလုတ်ကို နှိပ်ပါ