ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ သတ္တုလုပ်ငန်းရှင်များ စည်းလုံးညီညွတ်စွာ လုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်အား ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ် ဖွဲ့စည်းတည်ထောင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်၊ ရက်စွဲပါစာအမှတ်၊ ၆၆/ ၃၁၈-အစည်းအဝေး ၃-၂၃(၃)/ အဖရ (၂၀၁၃) အရ ၁၅.၁.၂၀၁၃ နေ့တွင် သတ္တုတွင်းဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉)၊ နေပြည်တော်ရှိ သီရိရတနာခန်းမတွင် ဖွဲ့စည်းတည်ထောင်ထားခဲ့ခြင်းဖြစ်ပါသည်။
၄င်းအခမ်းအနားသို့ အောက်ပါပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ခဲ့ပါသည် -
၄င်းအစည်းအဝေးတွင် အလုပ်အမှုဆောင်အဖြစ် ဆန္ဒပြုထားသူ (၉၇) ဦးမှ ဗဟိုအလုပ်အမှုဆောင် (၃၅) ဦးကိုလည်းကောင်း၊ ဥက္ကဋ္ဌ (၁) ဦး၊ ဒုတိယဥက္ကဋ္ဌ (၂) ဦး၊ အတွင်းရေးမှူး (၈) ဦးတို့ကို လျိူ့ ဝှက်ဆန္ဒမဲပေးစနစ် ကွန်ပျူတာအသုံးပြုပြီး ဆန္ဒမဲပေးစနစ်ဖြင့် ဖေါ်ပြလျက် ရွေးချယ်ပေးခဲ့ပါသည်။
၃၅ ဦး
ဆန္ဒပြုသူ ၉၇ ဦးမှ ရွေးချယ်ခဲ့
၁ ဦး
၂ ဦး
၈ ဦး
၁၅.၁.၂၀၁၃ နေ့တွင် ပြုလုပ်သော အစည်းအဝေးမှ ဖွဲ့စည်းပေးသည့် ဥက္ကဋ္ဌဦးဆောင်သော စီမံခန့်ခွဲရေးအဖွဲ့ဝင်များသည် မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၏ သင်းဖွဲ့စည်းမျဉ်းအား ရေးဆွဲပြီး အသင်းချုပ်မှတ်ပုံတင်လက်မှတ်ရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ တင်ပြခဲ့ပါသည်။
သင်းဖွဲ့စည်းမျဉ်းပါ အသင်း၏ သက်တမ်းနှင့်ပါတ်သက်၍ ၃ နှစ်မှ ၅ နှစ်သို့ ပြောင်းလဲသော အချက်အား ပြင်ဆင်ဖြည့်စွက်ခဲ့ပါသည်။
ပြင်ဆင်ဖြည့်စွက်ပြီးသော သင်းဖွဲ့စည်းမျဉ်းတစ်ခုလုံးကို ၁၆.၈.၂၀၁၆ နေ့တွင်ပြုလုပ်သော ဒုတိယအကြိမ် သင်းလုံးကျွတ် မျက်နှာစုံညီအစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ပွဲတွင် အစည်းအဝေးတက်ရောက်သူအားလုံးသို့ ဖတ်ကြားပြပြီး ထပ်မံ၍ အတည်ပြုချက် ရယူခဲ့ပါသည်။
မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်အမည်ဖြင့် မှတ်ပုံတင်နိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်း သတ္တုထွက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လက်အောက်ခံအသင်းများ ဖွဲ့စည်းရန် လိုအပ်ကြောင်း ကုမ္ပဏီများမှတ်ပုံတင်ရုံးမှ အကြောင်းကြားလာပါသောကြောင့် အသင်းချုပ်အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ ညှိနှိုင်းခဲ့ပါသည်။
မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်သတ္တုလုပ်ငန်းရှင်များအသင်းများပါဝင်၍ ညီနောင်အသင်းအဖြစ် မှတ်ပုံတင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် အသင်းမှတ်ပုံတင်ရာ၌ ရှမ်းပြည်နယ်အသင်းအစား ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း ပါဝင်လာခဲ့ပါသည်။
ယခုအခါ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် သတ္တုလုပ်ငန်းရှင်များအသင်း (၈) သင်းတို့ ပါဝင်ဖွဲ့စည်းပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ညီနောင်အသင်းအဖြစ် ပါဝင်ဖွဲ့စည်းထားပါသည်။
မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၏ တတိယအကြိမ် သင်းလုံးကျွတ်မျက်နှာစုံညီအစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ပွဲအား ၂၀၂၀ ခုနှစ်အတွင်း ကျင်းပပြုလုပ်ရန်ဖြစ်သော်လည်း ကိုဗစ်ကာလနှင့်တိုက်ဆိုင်နေ၍လည်းကောင်း၊ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ကြောင့်လည်းကောင်း ကျင်းပပြုလုပ်နိုင်ရန် မရှိသောကြောင့် အသင်းချုပ်၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ရွှေ့ဆိုင်းခဲ့ပါသည်။
အမှုဆောင်အဖွဲ့၏ အစည်းအဝေးမှ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၏ စတုတ္ထအကြိမ် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲနှင့် တတိယအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးအား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၊ နောက်ဆုံးပါတ်တွင် ကျင်းပပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။
နှစ်ပတ်လည်အစည်းအဝေးကို မကျင်းပနိုင်သော်လည်း နှစ်ပတ်လည်အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းများကို အသင်းသားများနှင့် ညီနောင်အသင်းများထံ ဖြန့်ဝေပေးခဲ့ပါသည်။
မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ် စတုတ္ထအကြိမ်မြောက် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲနှင့် တတိယအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးအား ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၂၅ရက်နေ့တွင် မင်္ဂလာခန်းမ ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ အမှုဆောင် (၉၀) ဦး အနက် ဗဟိုအလုပ်အမှုဆောင် (၅၀) ဦး နှင့် အလုပ်အမှုဆောင် (၄၀) ဦးတို့ ရွေးချယ်တင်မြှောက်ခဲ့ပါသည်။