မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်

Myanmar Federation of Mining Associations

အသင်းသားအဖြစ်မှ နှုတ်ထွက်ခြင်း၊ ရပ်စဲခြင်းနှင့် အယူခံခြင်း

(က) နှုတ်ထွက်ခြင်း

မည်သည့်အသင်းသားမဆို အသင်းမှ နှုတ်ထွက်လိုလျှင် အသင်း၏ အထွေထွေအတွင်းရေးမှူးထံသို့ မိမိ နှုတ်ထွက်လိုကြောင်း စာဖြင့်ရေးသားကာ ရက်ပေါင်း (၃၀) တိတိကြိုတင် အကြောင်းကြားလျက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အဆုံးအဖြတ်ဖြင့် နှုတ်ထွက်နိုင်သည်။

အကြောင်းကြားရက်ကုန်သောအခါ ထိုသူသည် အသင်းသားအဖြစ်မှ ရပ်ဆဲရမည်။

နှုတ်ထွက်သောအသင်းသားက ကြိုတင်၍ ပေးဆောင်ထားသော ငွေကြေးတစ်စုံတစ်ရာကို ပြန်လည်တောင်းဆိုနိုင်ခွင့် မရှိစေရ။

(ခ) ရပ်စဲခြင်း

အသင်းသားတစ်ဦးအား ခိုင်လုံသောအကြောင်းတစ်ခုခုကြောင့် အသင်းသားအဖြစ် ဆက်လက်ထားရှိနေခြင်းကို မလိုလားအပ်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ပါက အသင်းသားစုံညီအထူးအစည်းအဝေးသို့ ထိုအသင်းသားအား ထုတ်ပယ်ရန် ထောက်ခံအကြံပေးနိုင်သည်။

ထိုထောက်ခံချက်ကို အဆိုပါ အသင်းသားစုံညီအထူးအစည်းအဝေး တက်ရောက်လာသော အသင်းသား (၄)ပုံ (၃)ပုံ၏ ဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည်။

ရပ်စဲခြင်းအတွက် အကြောင်းအရာများ

(i)

အသင်းသားဆိုင်ရာသတ်မှတ်ချက်များနှင့် မကိုက်ညီခြင်း။

(ii)

အသင်း၏ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို ဆန့်ကျင်လျက် အသင်း၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် ပြုမူပြောဆိုရေးသားခြင်းနှင့် အသင်းတွင် အလွဲသုံးစားပြုခြင်း။

(iii)

အသင်း အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ကို ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ဖောက်ဖျက်ကျူးလွန်ခြင်း (သို့မဟုတ်) လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း။

(ဂ) အယူခံနိုင်ခွင့်ရှိခြင်း

အသင်းသားတစ်ဦးသည် အသင်းမှ ထုတ်ပယ်ခြင်းခံရသည့်နေ့မှစ၍ (၁)နှစ်ပြည့်မှသာ အသင်းသားအဖြစ် ပြန်လည်လျှောက်ထားခွင့် ရှိစေရမည်။

ထိုသို့ ပြန်လည်လျှောက်ထားရာတွင် အသင်းသား (၄) ဦး၏ ထောက်ခံချက်ပါရှိရမည်ဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြန်လည်လက်ခံရန် ဆုံးဖြတ်လျှင် အသင်းသားစုံညီအစည်းအဝေးသို့ တင်ပြပြီး တက်ရောက်လာသော အသင်းသား (၄)ပုံ (၃)ပုံ၏ ဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည်။

အသင်းချုပ်သို့ ဝင်ရောက်ရန် ဆန္ဒရှိပါက အောက်ပါခလုတ်ကို နှိပ်ပါ