မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်

Myanmar Federation of Mining Associations

ဗဟိုအလုပ်အမှုဆောင်အဖွဲ့

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းပုံ၊ အရည်အချင်းသတ်မှတ်ချက်များနှင့် တာဝန်များ

က

ဖွဲ့စည်းပုံ

၁

အသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဖွဲ့စည်းပုံ

အသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုအောက်ပါအတိုင်းဖွဲ့စည်းရမည်။ အမှုဆောင်အဖွဲ့ အဖွဲ့ဝင်ဦးရေ၏ (၅ဝ%)ရာခိုင်နှုန်းကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးရေအဖြစ် သတ်မှတ်နိုင်သည်။ ကျန်(၅ဝ%)သော အမှုဆောင်အဖွဲ့ဝင်များသည် အလုပ်အမှုဆောင်အဖွဲ့ဝင်များဟုသတ်မှတ်သည်။

နေရာ ဦးရေ
(၁) ဥက္ကဋ္ဌ (၁) ဦး
(၂) ဒုတိယဥက္ကဋ္ဌ (၆) ဦး
(၃) အထွေထွေအတွင်းရေးမှူး (၁) ဦး
(၄) တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဦး
(၅) အတွင်းရေးမှူး (၅ - ၇) ဦး
(၆) ဘဏ္ဍာရေးမှူး (၁) ဦး
(၇) တွဲဖက်ဘဏ္ဍာရေးမှူး (၁) ဦး
(၈) စာရင်းစစ် (၁) ဦး
(၉) တွဲဖက်စာရင်းစစ် (၁) ဦး
(၁ဝ) အဖွဲ့ဝင် (၃၁-၂၉) ဦး
၂

တရားဝင်မှတ်ပုံတင်ရရှိပြီးသော ညီနောင်အသင်းများ

တရားဝင်မှတ်ပုံတင်ရရှိပြီးသော ညီနောင်အသင်းများ၏ အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်ရွေးချယ်စေလွှတ်သော ကိုယ်စားလှယ်တစ်ဦး (ဥက္ကဋ္ဌ/အလုပ်အမှုဆောင်) သည် ဆန္ဒမဲပေး၍ ရွေးချယ်ရန် မလိုတော့ဘဲ အလိုအလျောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် သတ်မှတ်ရမည်။

၃

သတ္တုအမျိုးအစားအလိုက် ရေးရာကော်မတီများ

တရားဝင်ဖွဲ့စည်းခွင့်ရရှိပြီးသော သတ္တုအမျိုးအစားအလိုက် ရေးရာကော်မတီများမှရွေးချယ်စေလွှတ်သောကိုယ်စားလှယ်တစ်ဦးသည် ရွေးချယ်ရန်မလိုတော့ဘဲ အလိုအလျောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် သတ်မှတ်ရမည်။

၄

မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်

မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၏လုပ်ငန်းများ စဉ်ဆက်မပြတ် ဖော်ဆောင်သွားနိုင်ရန်အတွက် လက်ရှိဗဟိုအလုပ်အမှုဆောင်အဖွဲ့၏အဖွဲ့ဝင်အင်အား(၅)ပုံ(၂)ပုံသည်ရွေးချယ်ရန်မလိုတော့ဘဲ အလိုအလျောက်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် သတ်မှတ်ရမည်။

ခ

အရည်အချင်းသတ်မှတ်ချက်

၁

အသင်း၏အကျိုးစီးပွားကိုဖော်ဆောင်၍ အသင်း၏ဂုဏ်သိက္ခာမြင့်မားရေးကို ရှေးရှုဆောင်ရွက်နိုင်သူဖြစ်ရမည်။

၂

အသင်းသားအရည်အချင်းနှင့်ပြည့်စုံသူဖြစ်ခြင်း။

၃

အသင်းနှစ်စဉ်ကြေးများနှင့် အသင်းသို့ပေးသွင်းရန်ရှိသော ငွေကြေးတစ်စုံတစ်ရာကို အကြေအလည် ပေးသွင်းပြီးသူဖြစ်ရမည်။

၄

သတ္တုတွင်းလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းအတွေ့အကြုံရှိရမည်။

၅

အနိမ့်ဆုံးတက္ကသိုလ်ဝင်တန်း (သို့) ၄င်းနှင့်ညီမျှသော ပညာအဆင့်အောင်မြင်ပြီးသူ ဖြစ်ရမည်။ (သို့မဟုတ်) မြန်မာနိုင်ငံရှိသတ္တုတွင်းလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေသူများ၊ မိုင်းလုပ်ငန်းနှင့်ပတ်သက်၍ လက်တွေ့ကျွမ်းကျင်စွာ လုပ်ကိုင်နေသူများနှင့် အသင်းချုပ်၏ တိုးတက်မှုအတွက် အထောက်အကူပြုနိုင်သူများ ဖြစ်ပါက ပညာအရည်အချင်းသတ်မှတ်ချက်အား လျှော့ပေါ့စဉ်းစားနိုင်သည်။

၆

အကျင့်စာရိတ္တကောင်းမွန်၍ စီးပွားရေးကျင့်ဝတ် (ကျောင်းသားသမဂ္ဂဥပဒေ) ကို လိုက်နာကျင့်သုံးနေသူ ဖြစ်ရမည်။

၇

မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများကို ကျွမ်းကျင်နားလည်ပြီး လေးစားလိုက်နာသူများဖြစ်ရမည်။

ဂ

တာဝန်နှင့်လုပ်ပိုင်ခွင့်

၁

အမှုဆောင်အဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်

အမှုဆောင်အဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များအားလုံးသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များဖြစ်သည်။

၂

လုပ်ငန်းဆိုင်ရာကော်မတီများဖွဲ့စည်းခြင်း

လုပ်ငန်းဆိုင်ရာကော်မတီများဖွဲ့စည်း၍ ကော်မတီတစ်ခုစီအလိုက် အတွင်းရေးမှူး(၁)ဦးစီအား ဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်ပြီး လုပ်ငန်းစီမံချက်များရေးဆွဲ၍ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်။

၃

အသင်း၏သက်တမ်း(၁)နှစ်ပြည့်ပြီးပါက

အသင်း၏သက်တမ်း(၁)နှစ်ပြည့်ပြီးပါက ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေအပေါ် စစ်တမ်းကောက်ယူခြင်းရလဒ်အပေါ်တွင် အမှုဆောင်အဖွဲ့၏ထောက်ခံမှု (၅ဝ)ရာခိုင်နှုန်းမရရှိလျှင် အမှုဆောင်အဖွဲ့ဝင်များမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အသစ်ကို လဲလှယ်ရွေးချယ်ပေးခြင်းကို လက်ခံရန်တာဝန်ရှိသည်။

CEC လျှောက်လွှာဖောင်

ဒေါင်းလုဒ်ရယူရန်
CEC Form

CEC ဗဟိုအလုပ်အမှုဆောင်အဖွဲ့

အထက်ဖော်ပြပါ အရည်အချင်းသတ်မှတ်ချက်များနှင့် ပြည့်စုံပါက

လျှောက်ထားရန် ဆက်သွယ်ပါ