Membership Rights & Privileges
အသင်းသားများ၏ အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်သည်
အသင်းကဖိတ်ကြားသော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ အခမ်းအနားများသို့ တက်ရောက်ခွင့်၊ ဆွေးနွေးခွင့်နှင့် အကြံပေးနိုင်ခွင့်ရှိသည်။
အသင်းကစီစဉ်သော ပြည်တွင်းပြည်ပသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာရေးခရီးများ၊ ကုန်စည်ပြပွဲများစသည်တို့တွင် ပါဝင်တက်ရောက်ဆည်းပူးလေ့လာခွင့်ရှိသည်။
အသင်းသားသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့၏ စီမံခန့်ခွဲမှုကိစ္စရပ်များ၊ ငွေကြေးကိစ္စရပ်များကို အသေးစိတ်ကြည့်ရှုလိုပါက ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ မေးမြန်းနိုင်သည်၊ ကြည့်ရှုနိုင်သည်။
အသင်း၏ အသင်းသားစုံညီအစည်းအဝေးနှင့် အခြားသက်ဆိုင်ရာအစည်းအဝေးများတွင် ဖိတ်ကြားချက်အရ ဆွေးနွေးခွင့်၊ မေးမြန်းခွင့်၊ အဆိုပြုခွင့်၊ ကန့်ကွက်ခွင့်နှင့် မဲဆန္ဒပေးခွင့်ရှိသည်။
အသင်း၏ တိုးတက်ကြီးပွားအောင်မြင်ရေးကိုရှေးရှု၍ ကောင်းမြတ်သော အကြံဥာဏ်များ၊ စာတမ်းများ စသည်တို့ကို တင်ပြခွင့်ရှိသည်။
အသင်း၏ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ အမှုဆောင်အဖြစ် ရွေးချယ်ခံနိုင်ခွင့်ရှိသည်။
လုပ်ငန်းကော်မတီများတွင် ပါဝင်နိုင်ခွင့်ရှိသည်။
အသင်းသားတစ်ဦးသည် မဲဆန္ဒပေးပွဲတစ်ကြိမ်လျှင် ဆန္ဒမဲတစ်မဲပေးခွင့်ရှိသည်။
အသင်းသားတစ်ဦးသည် အခြားအသင်းသားတစ်ဦး၏ ကိုယ်စားသာ မဲပေးခွင့်ရှိသည်။
တွဲဖက်အသင်းသားများသည် တက်ရောက်ဆွေးနွေးအကြံပေးနိုင်ခွင့်ရှိသော်လည်း ရွေးချယ်ခံပိုင်ခွင့်နှင့် မဲဆန္ဒပေးခွင့် မရှိစေရ။
အသင်းချုပ်သို့ ဝင်ရောက်ရန် ဆန္ဒရှိပါက အောက်ပါခလုတ်ကို နှိပ်ပါ