46 ကြည့်ရှုမှု
ပုံပြခန်း
ပုံကို နှိပ်၍ အကြီးချဲ့ကြည့်နိုင်ပါသည်
1/1
အသင်းချုပ်
Oct 01, 2026
46 စုစုပေါင်း
(၁-၁၀-၂၀၂၆) ရက်နေ့ နေ့လယ် ၁၃:၀၀ နာရီ၊ ပြည့်သူ့လွှတ်တော်ရုံးတွင် ပြည်သူ့လွှတ်တော် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများတို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့်ပြည်နယ် သတ္တုလုပ်ငန်းရှင်များအသင်းများ၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တိုင်းနှင့် ပြည်နယ်အလိုက် ကြုံတွေ့နေရသည့် သတ္တုကဏ္ဍ အခက်အခဲများ၊ လိုအပ်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် အကြံပြုချက်များကို ထိရောက်စွာ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
နေပြည်တော်၊ အောက်တိုဘာလ ၁ ရက်
မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်